Environment, Disasters & Accidents
မြန်မာ-အိန္ဒိယ နယ်စပ် အင်အား ရစ်(ခ်)တာ စကေး ၄.၃ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ရန်ကုန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
မြန်မာ-အိန္ဒိယနယ်စပ် ၊ မော်လိုက်မြိ့ု၏ အနောက်မြောက်ဘက် (၃၁)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် (၁၈၈)မိုင်ခန့် ကွာဝေးသော နေရာတွင် မြန်မာစံတော်ချိန် ည ၉ နာရီ ၃၄ မိနစ် ၄၄ စက္ကန့်အချိန်၌ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)