Connect with us

Environment, Disasters & Accidents

ငလျင်ကြောင့် မင်းဘူးမြို့ နဂါးပွက်တောင်တွင် ပြိုကျ ပျက်စီးမှုများကို အမြန်ပြုပြင်မည်

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသော နဂါးပွက်တောင်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် မင်းဘူးမြို့ နဂါးပွက်တောင်တွင် ပြိုကျ ပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက် မည်ဖြစ်ကြောင်းကို နဂါးပွက်တောင် ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို အမြန်ပြန်လည် တည်ဆောက်ရန် အတွက် ရန်ပုံငွေ (အလှူခံရရှိငွေ) ကျပ်သိန်း ၄၆၆ သိန်းကျော်ရရှိထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘက်စုံပြန်လည်ပြုပြင်ရန် အလှူငွေ ကျပ်သိန်း ၁ဝဝကို သြဂုတ်လ ၂၇ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

နဂါးပွက်တောင် ပြုပြင်မှုနှင့် ပတ်သက်ပြီး တပ်မတော် အင်ဂျင်နီယာများ မြို့ပြ အင်ဂျင်နီ ယာများပူးပေါင်းပြီး စောင်းတန်းကို နဂိုထက် မြှင့်တင်မည်ဖြစ်ကာ ပုံစံများကိုသေချာစွာရေးဆွဲ ပြင်ဆင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် နဂါးပွက်တောင် အတွင်းဧည့်ခန်းမဆောင်များ ပြိုကျ ခြင်း၊ တံတိုင်းများပြိုကျခြင်း၊ အုတ်ခုံ များ ပတ်ကြားအက်ခြင်း၊ ပြိုကျခြင်း၊ နဂါးပွက်ဝန်းကျင်တွင် မြေသားများ ကွဲအက်ခြင်း၊ မြေသားမြင့်တက်ခြင်းနှင့် နဂါးပွက်တောင်ပေါ်၌ ရွှံ့ညွန်များ ဖုံးလွှမ်းခဲ့ကြောင်း၊ အဆိုပါ ပြိုကျပျက်စီးမှုများကို အမြန်ပြုပြင်ဆောင်ရွက်နေကြောင်းမင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောကြားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117