Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် မင်းချောင်းမြစ် အတွင်း စက်လှေ တိမ်းမှောက်မှုကြောင့် ခရီးသည် ၇ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံး

စက်လှေ တိမ်းမှောက်မှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ဂဏန်းပြင် ကျေးရွာအုပ်စု ကံဘွေကျေးရွာမှ ကျောက်တော်မြို့နယ်သို့ ဘုရားဖူး သွားသော စက်လှေသည် ယနေ့ဧပြီ ၁၃ ရက် နံနက် ၃ နာရီ ဝန်းကျင်တွင် တိမ်းမှောက်မှု ဖြစ်ပွားကာ ခရီးသည် ၇ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။

ထိုစက်လှေသည် မေလွန်ကျေးရွာအုပ်စု၊ မေလွန်ကျေးရွာအနီး မင်းချောင်းမြစ်အတွင်း စက်လှေ ပန်ကာ နှင့် ငါး ဖမ်း ပိုက်များညှိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ စက်လှေပေါ်ပါ ခရီးသည် ၆၁ ဦး အနက် ၅၃ဦး အသက်ရှင်ပြီး ၄ ဦး ဒဏ်ရာရရှိ(မစိုးရိမ်ရ)ခဲ့ကြောင်း သိရသည်။ထို့အတူ ခရီးသည် ၁ ဦး ပျောက်ဆုံး နေသဖြင့် မင်းပြား မြို့နယ် မီးသတ် စခန်းမှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ (Xinhua)