Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၆ လ အတွင်း ယာဉ်မတော်တဆမှု ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၃ ဦးရှိ

အမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ် တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon-Mandalay Expressway)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခု ၂ဝ၁၇ ခုနှစ် ပထမ ခြောက်လ အတွင်း ယာဉ်မတော်တဆမှု ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ အရေအတွက်မှာ စုစုပေါင်း ၄၉၂ ဦး ရှိပြီး အမျိုးသား ၂၅၉ ဦး၊ အမျိုးသမီး ၂၃၃ ဦး ပါဝင်ကြောင်း သိရသည်။ထို့အတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက် အမြန်လမ်း ရဲစခန်းများ စတင် ဖွင့်လှစ် တာဝန် ချထားသည့် ၂ဝ၁၂ ခုနှစ် မေ ၂ဝ ရက်မှ စ၍ ၂ဝ၁၇ ခုနှစ် ပထမ ခြောက်လကုန် အထိ အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆ မှုပေါင်း ၂၂၄၇ မှုဖြစ်ပွားခဲ့၍ သေဆုံးသူ ၆၈၄ ဦးနှင့် ဒဏ်ရာ ရရှိသူ ၄၄ဝ၃ ဦးရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်း၏ မှတ်တမ်းများအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.