Connect with us

Environment, Disasters & Accidents

Y-8 လေယာဉ် ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများနှင့် မြေပုံများပါဝင်သော စာရွက် စာတမ်းထုပ် ၁ ထုပ် ထပ်မံ ဆယ်ယူ ရရှိ

Y-8 လေယာဉ် ၏ ကိုယ်ထည် အစိတ်အပိုင်းများ ဆယ်ယူ ရရှိစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ပျက်ကျခဲ့သည့် Y-8 လေယာဉ် ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများနှင့် မြေပုံများပါဝင်သော စာရွက် စာတမ်းထုပ် ၁ ထုပ်အား ဇူလိုင် ၂ ရက် ညနေပိုင်းတွင် ထပ်မံ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

Y-8 လေယာဉ်၏ ကျန်ရှိအစိတ်အပိုင်း များ ထပ်မံဆယ်ယူ ရရှိရေးအတွက် လေယာဉ်အမြီးပိုင်း တွေ့ရှိသည့် နေရာအနီး တစ်ဝိုက်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံ ငါးဖမ်းစက်လှေများပူးပေါင်း၍ ရှာဖွေရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခဲ့ရာ တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိသော နေရာများသို့ စစ်ရေယာဉ် များနှင့်ဒေသခံ ငါးဖမ်းစက်လှေ များက ကြမ်းတိုက်ရှာဖွေခဲ့စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)