Connect with us

Environment, Disasters & Accidents

အမ်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် မြေနိမ့် ကားလမ်းအချို့ ရေကျော် နစ်မြုပ်

ကားလမ်းအချို့ ရေကျော် နစ်မြုပ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ အမ်းမြို့နယ်တွင် ယနေ့ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းသဖြင့် အမ်းမြို့နယ် မဲလက်မောင်း ကျေးရွာ အုပ်စု ၊ ရန်ကုန်-စစ်တွေ ကားလမ်းမကြီး ၊ အမ်း-စစ်တွေ ကားလမ်းအပိုင်း မိုင်တိုင် အမှတ်(၁၃/၂) နှင့် (၁၆/၄)မိုင် နေရာတွင် ရေကျော် နစ်မြုပ်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမကြီး ၊ အမ်း-စစ်တွေ ကားလမ်းအပိုင်း မိုင်တိုင်အမှတ်(၁၃/၂)နေရာတွင် အကျယ် (၂၀)ပေခန့် ၊ အနက် (၅)ပေခန့်နှင့် (၁၆/၄)မိုင် နေရာတွင် အကျယ်(၃၀)ပေခန့် ၊ အနက် (၆)ပေခန့် ရေကျော်နစ်မြုပ်လျက် ရှိခြင်းကြောင့် ယာဉ်များဖြတ်သန်း သွားလာ၍ မရရှိသေးသေးဘဲ ယာဉ်လမ်းကြောင်းများ ခေတ္တပြတ်တောက်လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ရေလျော့ကျချိန်အား စောင့်ဆိုင်းလျက်ရှိရာ ရေများ ပြန်လည် လျော့ကျမှာသာ ခရီးသည်များ လိုရာခရီးသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.