Connect with us

Environment, Disasters & Accidents

လေပြင်းများတိုက်ခတ်ခဲ့ခြင်းကြောင့် မကွေး မြို့ပေါ်မှရပ်ကွက်(၃)ရပ်ကွက် နှင့် ကျေးရွာအုပ်စုတစ်စုမှကျေးရွာ(၅)တို့တွင် ပျက်စီးဆုံးရှုံးမှုများခံစားခဲ့ရ

လေပြင်းကြောင့် ပျက်စီးမှုတချို့အားတွေ့ရစဉ် (ဓာတ်ပုံ --ကြေးမုံ)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မိုးနှင့်အတူ လေပြင်းများတိုက်ခတ်ခဲ့ခြင်းကြောင့် မကွေး မြို့ပေါ်မှရပ်ကွက်(၃)ရပ်ကွက် နှင့် ကျေးရွာအုပ်စုတစ်စုမှကျေးရွာ(၅)တို့တွင် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

လေပြင်းတိုက်ခတ်မှုဖြစ်စဉ် မှာ မေလ ၂၁ရက်နေ့ ညနေ ၅နာရီ ၁၅မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုလေပြင်းတိုက်ခိုက်မှုကြောင့် မြို့ဟောင်းရပ်ကွက်တွင် အိမ်(၁၀၆)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်း သွပ်မိုးလန်ခြင်း ၊ သိင်္ဂါဂီရိ ရပ်ကွက် တွင် အိမ်(၈)လုံး ၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ သုံးဘီးဆိုင်ကယ်(၁)စီး ပျက်စီးခဲ့ကာ သစ်ပင်ကြီး(၃)ပင်ပြိုလဲခဲ့ခြင်း ၊ ဆုံ ရပ်ကွက်တွင် အိမ်(၂၀)လုံး ၊ ကားတစ်စီး၊ဆိုင်ကယ်တစ်စီး ပျက်စီးခဲ့ကာ သစ်ပင်ကြီး(၇)ပင် ပြိုလဲခဲ့ကာ လူတစ်ဦးဒဏ်ရာရခဲ့ ကြောင်း သိရသည်။

နံကပ်ကျွန်းကျေးရွာအုပ်စုရှိ သရက်ပင်ကွက်ကျေးရွာတွင် အိမ်(၄၅)လုံး ၊ကျန်းမာရေးဆေးပေးခန်း(၁)ခု သွပ်မိုး လန်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးရုံးပေါ် သစ်ပင်လဲကျခြင်း ၊ ကျွန်းစုကျေးရွာတွင် အိမ်(၄၁)အိမ်၊ ဘုန်းကြီးကျောင်း(၁)ကျောင်း ၊ သာယာကုန်းကျေးရွာတွင်အိမ်(၅၆)လုံး၊ ပညာရေးကျောင်း(၁)ကျောင်း ၊ လက်ဖက်ရည်ဆိုင်(၂)ဆိုင် ၊ ဝါးတောချောင်း ကျေးရွာ တွင် အိမ်ခြေ(၁၂)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်း နှင့် အေးမြသာယာကျေးရွာတွင် အိမ်(၁၅)လုံးတို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ ကြောင်း အုပ်ချုပ်ရေးမှတ်တမ်းများအရ သိရသည်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပြင်းထန်သောလေတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးထိခိုက်မှုများ ၊ သစ်ပင် လဲကျခြင်းများဖြစ်ပေါ်ခဲ့မှုအပေါ် မီးသတ်တပ်ဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ အရေပေါ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ဒေသတွင်းအစိုးရအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများမှ အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)