Connect with us

Environment, Disasters & Accidents

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိမှုတွင် သေဆုံးသူမရှိ

ယာဉ်တိုက်မှုကြောင့် ထိခိုက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘောနီအမြန်လမ်းမကြီး ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ် ( ၅၁ / ၁ ) နှင့် ( ၅၁ / ၂ ) အကြား ၌ ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိခဲ့ပြီး သံဃာတစ်ပါးနှင့် အမျိုးသား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူမရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နေပြည်တော်မှ ရန်ကုန် သို့ ယာဉ်မောင်း အောင်သူ မောင်းနှင် လာသော ယာဉ်အမှတ် 8L /—- ရွှေနတ်သား ခရီးသည်တင်ယာဉ်မှာ မောင်းနှင်နေစဉ် ယာဉ်မောင်းအိပ် ငိုက်သဖြင့် အရှိန်မထိန်းနိုင်ဘဲ (လားရာတူ) ရှေ့မှ မြင်းခြံမြို့နေသူ ဦးလှဝင်းအောင် (၄၈)နှစ် မောင်းနှင်နေသော ယာဉ်အမှတ် 9F / — စိန်ကမ္ဘာ – ငွေကမ္ဘာ ခရီး သည်တင်ယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိရာ ရွှေနတ်သား ယာဉ်မှာ လမ်းဘေးမြေသားပေါ်သို့ ရောက်ရှိရပ်တန့်သွားကာ စိန်ကမ္ဘာ- ငွေကမ္ဘာ ယာဉ်မှာလည်း လမ်းမပေါ်၌ ရပ်တန့်သွားသည်။ ရွှေနတ်သား ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် စိန်ကမ္ဘာ – ငွေကမ္ဘာ ယာဉ်ပေါ်ပါ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၃ ဦးမှာ ထိခိုက် ဒဏ်ရာမရရှိသော်လည်း ရွှေနတ် သားယာဉ်ပေါ်ပါ သံဃာတစ်ပါး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦးအနက် သံဃာတစ်ပါးနှင့် အမျိုးသား ငါးဦးမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပဲခူးဆေးရုံ (အတွင်းလူနာ၊ မစိုးရိမ်ရ) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ် အား မဆင်မခြင်ပေါ့လျော့စွာ မောင်း နှင်သူ ရွှေနတ်သားယာဉ်မောင်း အောင်သူအား ဘောနီအမြန်လမ်းမ ကြီးရဲစခန်းက ယာဉ် (ပ) ၅ /၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ / ၃၃၈/ ၂ဝ၂ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.