Connect with us

Environment, Disasters & Accidents

အာရှဒေသမြို့ကြီးများအလိုက် ဖြစ်ပေါ်လျက်ရှိသည့် နေ့အပူချိန်များတွင် ရန်ကုန်မြို့သည် ဆောင်းတွင်းဖြစ်သော်လည်း အပူချိန်အမြင့်ဆုံးစာရင်းဝင်လျက်ရှိ

နေပူဒဏ်ကာကွယ်ရန် ထီးဆောင်း၍ သွားလာနေကြသူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

အာရှဒေသမြို့ကြီးများအလိုက် ဖြစ်ပေါ်လျက်ရှိသည့် နေ့အပူချိန်များတွင် ရန်ကုန်မြို့သည် နေ့အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်ဖြင့် ဆောင်းတွင်းဖြစ်သော်လည်း အပူချိန်အမြင့်ဆုံးစာရင်းဝင်မြို့ ဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင်ပြောသည်။

“ရန်ကုန်မှာ ပူနေရတာက မြန်မာနိုင်ငံမြောက်ဘက်ကလေတွေက မြစ်ဝကျွန်းပေါ်ဘက်ကို မရောက်သေးလို့ ပူနေတာ။ မြစ်ဝကျွန်းပေါ်ဒေသတွေက မြန်မာနိုင်ငံမြောက်ပိုင်းက လေအေးတွေ အားတော်တော်ကောင်းမှ ပဲ ရန်ကုန်မြို့ကအေးနိုင်မှာပါ’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

အာရှဒေသမြို့ကြီးများအလိုက် ဖြစ်ပေါ်လျက်ရှိသည့် နေ့အပူချိန်များတွင် ရန်ကုန်မြို့၊ ကွာလာလမ်ပူမြို့၊ ဂျာကာတာမြို့၊ စင်ကာပူမြို့၊ ကိုလ်ကာတ္တားမြို့တို့သည် နေ့အပူချိန် အမြင့်ဆုံးမြို့များဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ အနိမ့်ဆုံးညအပူချိန်မှာ ၂၂ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း သိရသည်။ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပြီး ထူးခြားသည့်ညအပူချိန်များမှာ ဟားခါးမြို့တွင် (၂)ဒီဂရီစင်တီဂရိတ်နှင့် မင်းတပ်မြို့၊ ရမ်ကလောင်းနှင့် မိုးကုတ်မြို့တို့တွင် (၉)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.