Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ ဧရာဝတီလင်းပိုင် ရှစ်ကောင်ခန့် သေဆုံးခဲ့ဟု ဆို

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၁ အတွင်း ဧရာဝတီလင်းပိုင် တစ်ကောင်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ ဧရာဝတီလင်းပိုင် ရှစ်ကောင်ခန့် သေဆုံးခဲ့ကြောင်း၊ ဧရာဝတီလင်းပိုင်များ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ နိုဝင်ဘာ ၁၂ ရက်တွင်ပြောကြားသည်။

နှစ်စဉ် ဧရာဝတီလင်းပိုင် သေဆုံးမှုသည် ၇ ကောင်မှ ၈ ကောင်ခန့် အကြားရှိခဲ့ကြောင်း နှင့် ထိုသို့သေဆုံးရခြင်းမှာ လူပရောဂကြောင့် ၊ သဘာဝပတ်ဝန်းကျင်ကြောင့် နှင့် သက်တမ်းအရ အသက်ကြီး၍ သေဆုံးခြင်းများ ပါဝင်ကြောင်း သိရသည်။“သေဆုံးရတဲ့ အဓိကအကြောင်းအရင်းက လူတွေရဲ့ ပရောဂကြောင့် အဓိက သေဆုံးရခြင်းဖြစ်ပါတယ်။ လူတွေမျှောတဲ့ မျှောပိုက်တွေမှာငြိတယ်။ရုန်းရင်းနဲ့သေတာရှိတယ်။ နောက်တစ်မျိုးက ဘက်ထရီရှော့ခ်တိုက်တယ်။ အဲဒီမှာရှော့ခ်မိပြီး သေဆုံးရတာတွေ

လည်းရှိတယ်။’’ ဟု ၎င်းက ဦးမြင့်ဇင်ထူးက ရှင်းပြသည်။ ဧရာဝတီလင်းပိုင်သည် ရှားပါးစာရင်းဝင်သည့် နို့တိုက်သတ္တဝါထဲတွင်ပါဝင်ကြောင်း၊ ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိသောကြောင့် ဧရာဝတီလင်းပိုင်ဟူ၍ အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီလင်းပိုင် များအနေဖြင့် ရေချိုထဲတွင် အနေများကြောင်း၊ ကမ္ဘာမှာလည်း ဧရာဝတီလင်းပိုင်အား အသိအမှတ်ပြုသိရှိသောကြောင့် ဒီဧရာဝတီလင်းပိုင်များအား ထိန်းသိမ်းရန် အထူးအရေးကြီးကြောင်း ၎င်းက ဆိုသည်။

“ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ငါးလုပ်ငန်းဦးစီးဌာန နဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီမြစ်ကျောတစ်လျှောက်မှာ ပညာပေးခြင်းတွေ ဆောင်ရွက်တယ်။ဒါ့အပြင် ဘက်ထရီရှော့ခ်တိုက်တာတွေကို ဖမ်းတယ်။ နောက်ပြီး ကျွန်တော်တို့ ငါးလုပ်ငန်းဦးစီးဌာန အနေနဲ့ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ နဲ့ ငါးကိုရှော့တိုက်ဖမ်းတာတွေ တားဆီးဖို့ဆောင်ရွက်တာတွေ ပုံမှန်လုပ်နေတယ်’’ ဟု ၎င်းက ကဆက်ပြောသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ဧရာဝတီလင်းပိုင်အကောင်ရေ ၆၅ ကောင်ခန့်တွေ့ရှိကြောင်း၊ ၎င်းတို့သည် မန္တလေးမြို့နှင့် ဗန်းမော်မြို့ကြားရှိ မြစ်ကျောတစ်လျှောက်တွင် အဓိက သွားလာလျက်ရှိကြောင်း၊ ရေငံတွင်နေထိုင်သော ဧရာဝတီလင်းပိုင်များလည်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117