Connect with us

Environment, Disasters & Accidents

နိုဝင်ဘာ ၂၀ ရက်မှစ၍ တစ်နိုင်ငံလုံးစတင်အေးလာ၊ လာနီညာနှစ်ဖြစ်သောကြောင့် ပုံမှန်နှစ်ထက်အအေးပိုနိုင်

ရန်ကုန်မြို့ အင်းလျားကန်တွင် နံနက်ခင်းလေ့ကျင့်ခန်းလုပ်နေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

မြောက်၊ အရှေ့မြောက်လေများ မြန်မာတစ်နိုင်ငံလုံးသို့ တိုက်ခတ်ပြီဖြစ်သောကြောင့် နိုဝင်ဘာ ၂၀ရက်မှစ၍ တစ်နိုင်ငံလုံး စတင်အေးလာပြီဖြစ်ကြောင်း ယခုနှစ်သည် လာနီညာနှစ်ဖြစ်သောကြောင့် ယခင်နှစ်ကာလတူအချိန်ထက် ပိုမိုအအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။

“လာနီညာနှစ်ဖြစ်တော့ အရင်နှစ်တွေထက် မြောက်လေတွေ၊ လေအေးတွေအားကောင်းတဲ့နှစ်ဖြစ်တယ်။ ဒီနှစ်က အေးတဲ့ဒေသတွေလည်း အေးတာပိုစောတယ်။ သာမန်နှစ်တွေက ဒီအချိန်ဒီလောက်မအေးသေးဘူး’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယခုရက်ပိုင်းတွင် ဟားခါးမြို့တွင် ၃ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်း မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်စီ၊ မိုးကုတ်မြို့တွင် ၇ ဒီဂရီ စင်တီဂရိတ်၊ ကျောက်မဲမြို့၊ ဟဲဟိုးမြို့၊ လွိုင်လင်မြို့နှင့် တီးတိန်မြို့တို့တွင် ၈ ဒီဂရီစင်တီဂရိတ်စီနှင့် မင်းတပ်မြို့တွင် ၉ ဒီဂရီစင်တီဂရိတ်တို့ အထိ ညအပူချိန်များ ကျဆင်းခဲ့ကြောင်းသိရသည်။
“အအေးကပိုပီပြင်တော့ ဆောင်းပီပြင်တာပေါ့။ လာနီညာနှစ်ဖြစ်လို့ ပုံမှန်နှစ်ထက်တော့ အေးဦးမယ်’’ ဟု ၎င်းကဆက်ပြောသည်။

ညအပူချိန် များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၁.၅)ဒီဂရီစင်တီဂရိတ် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117