Connect with us

Environment, Disasters & Accidents

၁၈ ဘီး ကွန်တိန်နာယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

ကွန်တိန်နာယာဉ် တိမ်းမှောက်မှုတွင် ကူညီကယ်တင်ခြင်းလုပ်ငန်းများအားဆောင်ရွက်နေစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဇန်နဝါရီလ ၁၉ ရက် နေ့ နံနက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဗေလုဝကွေ့တွင် (၁၈)ဘီး ကွန်တိန်နာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး(၅)ဦး ကားခေါင်းအတွင်းညှပ်မိခဲ့ပြီး နှစ်ဦးမှာ သေဆံုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးရဲထွဋ်က ဆင်ဟွာကို ပြောသည်။

၁၉.၁.၂၀၁၈ ရက်နေ့၊ ၀၀း၁၀ အချိန်ခန့်တွင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇) ရပ်ကွက်၊ ရတနာလမ်း၊ ဗေလုဝကွေ့တွင် ဒဂုံဆိပ်ကမ်းဘက်မှ သာကေတဘက်သို့ ရတနာလမ်းအတိုင်းမောင်းနှင်လာသော (၁၈)ဘီး ကွန်တိန်နာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး အနီးရှိသစ်ပင်နှင့်တိုက်မိကာ ကားဦးခေါင်းပိုင်းညှပ်မိပြီး ကားအတွင်းပါရှိသူ (၈)ဦးအနက် ယာဉ်မောင်းအပါ အဝင်(၃)ဦး လွတ်မြောက်သွားပြီး ကျန်(၅)ဦး ကားခေါင်းအတွင်းညှပ်မိနေကြောင်း သတင်းပေးပို့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ရွှေသန်လျင်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁)စီး၊ ဇေယျသုခလူမှုကူညီရေးအသင်း လူနာတင်ယာဉ် (၁)စီး၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူ ကျား(၂)ဦးအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ကျန်ထိခိုက်ဒဏ်ရာရရှိသူ ကျား(၃)ဦး(မစိုးရိမ်ရ)တို့အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ် နှင့် ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရဲစခန်း မှ ပ-၃၀၄က/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း ၊ ယာဉ်မောင်းအား ပ-၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.