Connect with us

Environment, Disasters & Accidents

နေပြည်တော်တွင် ငလျင်ဆိုင်ရာ အထောက်အထားများ သုတေသနပြုလုပ် စဉ် လွန်ခဲ့သည့် နှစ် ၅ဝဝ ခန့်က ငလျင်လှုပ်မှုကြောင့်ဖြစ်ပေါ်လာသည့် ပြတ်ရွေ့ကြော များတွေ့ရှိဟုဆို

သုတေသနလုပ်ငန်းများဆောင်ရွက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကံလှ ကျေးရွာဟောင်းအနီး ကြာကန်၏ အရှေ့ဘက်မြေနေရာ နှင့် ငွေလျှံကုန်းကျေးရွာအနီး လယ်မြေ နေရာများတွင် ကွင်းဆင်း တူးဖော် သုတေသနပြုလုပ်ရာ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝ ခန့်က မြေငလျင်လှုပ်ခတ်မှုကြောင့် ပြတ်ရွေ့ကြောများ ရှာဖွေ တွေ့ရှိခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ဇန်နဝါရီ ၂၁ ရက်အထိ နေပြည်တော်တွင် မြေငလျင်ဆိုင်ရာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဟင်္သာတတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာစောငွေခိုင်နှင့် အဖွဲ့သည် လွန်ခဲ့သည့် ငါးနှစ်ခန့်က လည်း နေပြည်တော်တွင် မြေငလျင် သုတေသနလုပ်ငန်းများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

ဒေါက်တာ စောငွေခိုင်ခေါင်းဆောင်သည့် အဖွဲ့သည် သုတေသနပြုလုပ် မည့် ပုဗ္ဗသီရိမြို့နယ် ကံလှကျေးရွာဟောင်း အနီး ကြာကန်၏ အရှေ့ဘက်မြေနေ ရာနှင့် ငွေလျှံကုန်းကျေးရွာ အနီး လယ်မြေနေရာ များအား လယ်မြေပိုင်ရှင်များထံမှ ခွင့်ပြု ချက်ရရှိနိုင်ရေး ညှိနှိုင်းခဲ့ကြပြီးနောက် ဇန်နဝါရီ ၁၆ ရက်တွင် မြေကျင်းများ တူးဖော်ခြင်း၊ မြေပြင် တိုင်းတာခြင်းလုပ်ငန်းများ အား စတင်၍ မြေငလျင်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ထိုသို့ကွင်းဆင်း တူးဖော်သုတေသန ပြုလုပ်ခဲ့ရာ လွန်ခဲ့ သည့် နှစ်ပေါင်း ၅ဝဝ ခန့်က မြေငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြတ်ရွေ့ကြော များ ရှာဖွေတွေ့ရှိ၍ ဆက်လက် သုတေသနပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထပ်မံ၍ မြေမျက်နှာသွင်ပြင်အနေအထားများအား ဒရုန်းများအသုံးပြုပြီး ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးရန် အသုံးပြုခွင့်ရရှိရေးကို နေပြည်တော်ကောင်စီ သို့ တင်ပြခွင့်ပြု ချက်ရယူဆောင်ရွက်ပြီး မြေငလျင်ဆိုင်ရာ သမိုင်းအထောက် အထားများ ရှာဖွေတူးဖော်မှု သုတေသနလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.