Environment, Disasters & Accidents
ရေထွက်ကုန်ပစ္စည်းများ ဖြန့်ချိရောင်းချနေသည့် ရန်ကုန်မြို့က ငါးဈေးကြီး

ရန်ကုန် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးသည် ရေချို/ရေငံ ငါး ၊ ပုဇွန် အစရှိသည့် ရေထွက်ကုန်ပစ္စည်းများ ဖြန့်ချိရောင်းချနေသည့် ဈေးကြီးတစ်ခုဖြစ်ပြီး ငါးဒိုင်များ ၊ ကုန်သည်များ ၊ အရောင်းအဝယ် ပြုလုပ်သူများဖြင့် နေ့စဉ် ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသည် ဧပြီလတွင် စတင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ငါးလနီးပါးအတွင်း ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၂ ဒသမ ၄၆ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေး၌ ငါးများ အမျိုးအစားခွဲခြားနေသော အလုပ်သမားများအား စက်တင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၁၉ ရက်အထိ ရေထွက်ကုန်ပစ္စည်းများအားလုံးကို ပုဂ္ဂလိက ကဏ္ဍတစ်ခုတည်းမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)