Connect with us

Environment, Disasters & Accidents

ပြင်ဦးလွင်မြို့တွင် ၂၂ ဘီးယာဉ်နှင့် Light Truck ယာဉ်တိုက်မိပြီး လူ ၉ ဦး သေဆုံးကာ ၅ဦး စိုးရိမ်ဖွယ်ဒဏ်ရာများရရှိ

၂၂ ဘီးယာဉ်နှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓါတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီးတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၂၂ ဘီးယာဉ်နှင့် ခရီးသည်များတင်ဆောင်လာသည့် Light Truck ယာဉ်တို့ ဩဂုတ် ၂၈ရက် ည၇နာရီခွဲက တိုက်မိပြီး လူ ၉ ဦး သေဆုံးကာ ၅ ဦး စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။“Light Truckကားကတော့ ကြေမွသွားတာပဲ၊ အဲဒီကားပေါ်ပါတဲ့ ခရီးသည်တွေ သေတယ်၊ ဒဏ်ရာရတဲ့ လူ၅ယောက်ကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်၊ဖြစ်ဖြစ်ချင်းသေတာရော ဆေးရုံရောက်မှ ထပ်သေတာရောဆို အားလုံး ၉ ဦး သေတယ်၊ တကယ်တော့ Light Truck ကားတွေက လူအများကြီးစီးဖို့ မသင့်ဘူး’’ ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က အရာရှိတစ်ဦးက ပြောသည်။

၂၂ ဘီးယာဉ်နှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

အဆိုပါ ယာဉ်တိုက်မှုအား ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးဖြင့် ရှာဖွေကယ်ဆယ်ရေး သွားရောက် ဆောင်ရွက်ပေးခဲ့ပြီး ည ၉ နာရီဝန်းကျင်၌ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်ပါ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၄ ဦး အနက် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ကြောင်း၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စိုးရိမ်ဖွယ်ဒဏ်ရာရရှိသူ စုစုပေါင်း ၅ ဦး တို့အား သန္တိသုခလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.