Environment, Disasters & Accidents
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လူငယ်ဆံပင်ညှပ်ဆရာများက အခမဲ့ ဆံပင်ညှပ်ပေး

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံး အနီးတွင် Myanmar Barber Academy မှ လူငယ်ဆံပင်ညှပ်ဆရာများက တစ်ပတ်လျှင် နှစ်ရက် အခမဲ့ ဆံပင်ညှပ်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ “လူတိုင်းအတွက် အခမဲ့ ဆံပင်ညှပ်ခြင်း” ကမ်ပိန်းကို ပြုလုပ်လာသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပြီး အပတ်စဉ် စနေ တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အခမဲ့ ဆံပင်ညှပ်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည် (Xinhua)