ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်တုံချောင်း ရေကြီးရေလျှံမှုကြောင့် သြဂုတ် ၃ဝ ရက် နံနက် ၄ နာရီခွဲခန့်က မိုင်းဆတ်-မိုင်းတုံ-မိုင်းပန်ကားလမ်းမ ရေကျော်ပြီး လယ်မြေ (၃၆၅ ဒဿမ၂၅)ဧက ရေနစ် မြုပ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
ရန်ကုန်၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) ဆွာချောင်းရေလျှံမှုကြောင့် နေအိမ်ပြိုလဲ/ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရေကျဆင်းချိန် ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးဝင်းသိန်း က ပြောကြားသည်။
ရန်ကုန် ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) ပဲခူး တိုင်းဒေသကြီး မင်းလှ ၊ အုတ်တွင်း ၊ အုတ်ဖို ၊ ဒိုက်ဦး မြို့နယ်များ အတွင်း မြစ်ချောင်းရေများ ဝင်ရောက်မှု ၊ မိုးရွာသွန်းမှုများကြောင့် စာသင်ကျောင်းများ အတွင်းသို့ရေဝင်ရောက်ကာ စာသင်ကျောင်း စုစုပေါင်း ၃၉ ကျောင်း...
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်-နေပြည်တော် အမြန်လမ်းအပိုင်းရှိ နိမ့်ကျသွားသော ဆွာချောင်းတံတားအတွက် ယာယီဘေလီ တံတားထိုးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ဆွာချောင်းတမံ ရေပိုလွှဲကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးသွားသည့် ရန်ကုန်-မန္တလေး လမ်းအဟောင်းကို ယနေ့ပြုပြင်ပြီး မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆွာမြို့၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံရေထိန်းနေရာ ကျိုးပေါက်ခဲ့ပြီး ရွာ(၂၀)ကျော် ရေနစ်မြုပ်မှုကြောင့် လူပေါင်း သောင်းချီ ယာယီပြောင်းရွှေ့ထားရကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မိတ္ထီလာစုကျေးရွာနှင့် ကန်စွန်းအင်း ကျေးရွာ ဆက်သွယ်ထားသော တံတားနှင့် ဝဲဒေါင့်ကျေးရွာနှင့် ဥယာဉ်စု ကျေးရွာ ဆက်သွယ် ထားသော တံတားများသည် ဖြူးချောင်းအတွင်းသို့ ရေစီးနှင့်မျောပါသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ခေတ္တလမ်းပိတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲသည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ရေပိုလွှဲမှ ရေစီးရေကျော်အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မိုးနှောင်းကာလ တွင် ဖြစ်ပေါ်နိုင်သည့် မြစ်ရေအခြေအနေခန့်မှန်းချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။