Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး ချောက်မြို့ ၏ မြောက်ဘက်(၆)မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ချောက်မြို့ ၏ မြောက်ဘက်(၆)မိုင်ခန့်အကွာ၊ မြောက် လတ္တီတွဒ် (၂၀.၉၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၂) ဒီဂရီ၊ အနက်(၁၁၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၀၉)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.