ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ် ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ မြို့ပတ်လမ်း၊ ထားဝယ်စုရပ်ကွက်တွင် ဇူလိုင် လ ၁၀ ရက်နေ့ တွင် မိုးသည်းထန်သဖြင့် ရပ်ကွက်အတွင်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလေဆိပ်၌ Yangon Airways လေကြောင်းလိုင်းမှ လေယာဉ် ၁ စီး ယာဘက် လေကာမှန်ကွဲအက်၍ ပြန်လည်ဆင်းသက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန် သည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မြဝတီ-ကော့ကရိတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် အတက်နှင့် အဆင်း ယာဉ်များ ထိန်းပြီးဖြတ်သန်းခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ် ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်သည့် မြစ်ရေ သတိပေးချက်က မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း ၆ ထပ်ကွေ့၌ ဇူလိုင်လ ၄ ရက် ည ၁၁ အချိန်ခန့်က ခရီးသည်တင် မှန်လုံကားတစ်စီး ပြုတ်ကျခဲ့ရာ တစ်ဦးသေဆုံး၊၁၅ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ၁၈၀၀ အချိန်မှ ၂၂၀၀ အချိန်ထိ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုးစာတောကျေးရွာအနီး တံခွန်တိုင်ချောင်းရှိ ကျောက်သားမြေထိန်း နံရံ ၂၆၀ ပေပြိုကျ၊ ၄၀၀ ပေ နိမ့်ကျ၊ မြေသားမြေထိန်းနံရံ...
ရန်ကုန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခုနှစ် ဇန်နဝါရီလ မှ ဇွန်လကုန်အထိ ခြောက်လ အတွင်း ယာဉ် မတော်တဆမှုပေါင်း ၂၃၁ ကြိမ် ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ဝ သေဆုံးခဲ့ပြီး ၄၉ဝ ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် ( ၁၅၆ ) မိုင် ခန့်ကွာဝေးသော ကပ္ပလီပင်လယ် (မြန်မာ့ရေပိုင်နက်အတွင်း) မြောက်လတ္တီတွဒ် ၁၄.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၈ ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော...