ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ မတ်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အိုးဘိုကျေးရွာ၌ မတ်လ ၇ ရက်နေ့က မီးလောင်မှုကြောင့် လူဦးရေ ၁၀၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် သရက်ကုန်းကွက်ရှိ နှစ်ထပ် နေအိမ်တစ်အိမ်မှ မတ် ၇ ရက်နေ့တွင် မီးစတင်လောင်ရာမှ နေအိမ် ၁၂လုံးထိ မီးကူးဆက် လောင်ကျွမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) နေပြည်တော်မြို့ အနီးတွင် ဗဟိုပြုလှုပ်ရှားခဲ့သည့် အတွက် နေပြည်တော် တွင် ငလျင်လှုပ်ရှားမှုအား ခံစားခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိ ကြောင်း၊ လူနှင့် တိရစ္ဆာန် သေဆုံးပျက်စီးမှု မကြားမိသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်...
ရန်ကုန် ၊ မတ် ၇ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ကမ်းပြိုမှု ကာကွယ်ပေးနိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ငွေကျပ် ၄၁.၈၇ ဘီလီယံ သုံးစွဲ၍ နေရာ ၁၉ ခုတွင် ဆောင်ရွက် လျက်ရှိရာ ဧပြီလတွင် လုပ်ငန်းများ ပြီးစီးမည်...
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) ရန်ကုန် အရှေပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃၆)ရပ်ကွက်၊ အောင်မြေလမ်းတွင် ယနေ့မတ် ၆ ရက် နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁ လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၂၃) သိန်းခန့် ဖြစ်ကြောင်း ပြန်ကြားရေး...
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ယခုဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ် ရေး လုပ်ငန်းခြောက်ခုကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ထန်းချောင်းကျေးရွာအနီး အမ်း- မအီ ကားလမ်းမိုင်တိုင် (၅/၂)အနီး၌ မတ်လ ၄ရက်က ခရီးသည်တင်ယာဉ် တစ်စီး ချောက်ထဲပြုတ်ကျမှုကြောင့် ၄ဦးသေဆုံးပြီး ၃၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် ၁၀၆၆သည် မတ်လ ၄ရက်နေ့ ၁၂နာရီ ၄၅မိနစ်ခန့်က ပြိုကျမှုဖြစ်ပွားကာ ၇၀ရာနူန်းခန့်ပျက်စီးခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ဓနုဖြူမြို့နယ်၊ ရန်ကုန်-ဟင်္သာတကားလမ်း မိုင်တိုင် (၁၃/၇)နှင့်(၁၄/ဝ)ကြား၌ မတ်လ ၃ရက်နေ့ ည ၈နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ကာ ၇ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။