Connect with us

Environment, Disasters & Accidents

ဆမ်ဆောင်း ဆားဗစ်စင်တာ မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်း ဆားဗစ်စင်တာသည် ယနေ့ နေ့လည် ၂နာရီ ၅၀မိနစ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“ ခု မီးငြိမ်းသွားပါပြီ၊ ဆုံးရှုံးမှုတန်ဖိုးမများပါဘူး၊ ဘယ်ကနေ စလောင်တာလဲ စစ်ဆေးနေတုန်းပါ” ဟု မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းခဲ့သော ဆမ်ဆောင်း ဆားဗစ်စင်တာအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက level1 ယာဉ်အုပ်စုများ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ပြီး နေလည် ၃နာရီ ၁၀မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃နာရီ ၁၃ မိနစ်တွင် မီးအပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.