Connect with us

Environment, Disasters & Accidents

မေလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက် မိုးဇလထုတ်ပြန်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် တို့ ၏ မေလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် မေလ၊ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၄-ပေ မှ ၆-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၂-ပေမှ ၄-ပေခန့်နှင့် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁-ပေခန့်မြင့်တက် လာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် မေလ၊ တတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ၃-ပေမှ ၅-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.