ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ်၊ ဇွန်လဒုတိယ (၁၀) ရက်ပတ်တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ တို့ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ထပ်တူထပ်မျှ ပူပန် ဝမ်းနည်း ကြေကွဲရကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ဇွန် ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံများနှင့်အတူ ပူးပေါင်းကာ ဆက်လက်ရှာဖွေလုပ်ဆောင်လျက်ရှိရာ ယနေ့ဇွန် ၈ ရက် ၁၁ နာရီအချိန်ထိ ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး...
ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ ဇီးချိုင် ကျေးရွာ နှင့် ဆက်စပ် ဒေသများသို့ဝင်ရောက် လာသော ကြွက်များမှာ အစာ ရှားပါးမှု နှင့် ကြုံတွေ့ခဲ့ရသဖြင့် အရပ် ရွှေ့ပြောင်းနေကြခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန PP...
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးမြို့တွင် မေလအတွင်းတိုက်ခိုက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ငွေကျပ် ၁၇၈သန်းကျော် ဆုံးရှုံးခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး ဝိုင်-၈ လေယာဉ်နှင့်ပတ်သက်သည့် အစိတ်အပိုင်းနှင့် ရုပ်အလောင်းတစ်ချို့ အား ကျောက်နီမော်၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင်အကွာ ပင်လယ်ပြင်အတွင်း ယနေ့ ဇွန် ၈ ရက် နံနက်ပိုင်းတွင်...
ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ပျောက်ဆုံးနေသော တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်အား နောက်ဆုံးအဆက်အသွယ်ရရှိသည့် နေရာတစ်ဝိုက်နှင့် လေယာဉ် ပျံသန်းရာ လမ်းကြောင်း တစ်လျှောက်၌ မြေပြင်တပ်များ ၊ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၆ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၃ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး...
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ကမ်းနီးပင်လယ်ကမ်းရိုးတန်းလေးခုတွင် ကနဦးစီမံချက်များ ချမှတ်ကာ ငါးသယံဇာတပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။