Connect with us

Environment, Disasters & Accidents

ဒုတိယအကြိမ် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် လူစီး အမြန်ရေယာဉ်နှင့် ကုန်စည်တင် အမြန်ရေယာဉ်ခရီးစဉ်များ (၅)ရက် ရပ်နားမည်

မြစ်အတွင်းရပ်နားထားသည့် ရေယာဉ်တချို့ အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ရေသည် ဒုတိယအကြိမ် မြင့်တက်လာမှုကြောင့် အထက်ပိုင်းဒေသသို့ ပြေးဆွဲလျက်ရှိသော ကုန်စည်၊ ခရီးသည်ပို့ဆောင်ရေး ရေယာဉ် ခရီးစဉ်များအား သြဂုတ်လ(၁၆)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ချင်းတွင်း အထက်ပိုင်းဒေသများဖြစ်သော ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်(၁၃၆ဝ) စင်တီမီတာ အထက်(၁၄၇)စင်တီမီတာ သို့လည်းကောင်း၊ ဟုမ္မလင်းမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေ အမှတ်(၂၉ဝဝ)စင်တီမီတာ အထက်(၇ဝ)စင်တီမီတာ သို့လည်းကောင်း အသီးသီးရောက်ရှိလျက်ရှိပြီး ကျန်မြို့နယ်များတွင်လည်း စိုးရိမ်ရေ အမှတ်များသို့ နီးကပ်လာပြီဖြစ်သဖြင့် ခရီးစဉ်များအား ရပ်နားခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့ နံနက်(၆)နာရီတွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁၅ဝ၇)စင်တီမီတာသို့လည်းကောင်း၊ ဟုမ္မလင်းမြို့တွင် (၂၉၇ဝ)စင်တီမီတာသို့လည်းကောင်း၊ ဖောင်းပြင်မြို့တွင် (၁၃ဝ၇)စင်တီမီတာသို့ လည်းကောင်း၊ မော်လိုက်မြို့တွင် (၁၁၇၂)စင်တီမီတာသို့လည်းကောင်း၊ ကလေးဝမြို့တွင် (၁၄ဝ၉)စင်တီမီတာသို့လည်းကောင်း၊ မင်းကင်းမြို့တွင် (၁၂၃၆)စင်တီမီတာသို့လည်းကောင်း၊ ကနီမြို့တွင် (၁ဝ၂၉)စင်တီမီတာသို့လည်းကောင်း၊ မုံရွာမြို့တွင် (၈၉၇)စင်တီမီတာသို့ လည်းကောင်းအသီးသီးရောက်ရှိလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေသတိပေးချက်မှတ်တမ်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.