ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၉ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်လင်းဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း အမှတ်(၁) တံတားမှ ရန်ကုန်-စစ်တွေသွား MV-ရွှေလက် ဝါးစက်လှေသည် ဆိပ်ကမ်းမှ ထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ တွင် (၅၃၁) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး၊ (၂)ရက်အတွင်း (၇)ပေခန့် မြင့်တက်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်တော် နှင့် မြောက်ဦး မြို့နယ်များတွင် ဧပြီ ၂၁ ရက် နှင့် ၂၂ ရက်များတွင် မိုးကြိုး ထိမှန်၍ သေဆုံးသူ ၄ ဦး ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ...
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၄၃/၄-၅) ကြားတွင် ဧပြီ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သော ခရီးသည်တင် ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ၁ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီးကျေးရွာ၌ အိမ်တက် ဆွမ်းကျွေးအလှူတစ်ခုမှ ကျွေးမွေး ဧည့်ခံ သော အစားအစာများအား စားသုံးပြီး သံဃာတော်ကိုးပါးနှင့် ဒေသခံပြည်သူ ၂၈ ဦးတို့သည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ...
နေပြည်တော်၊ ဧပြီ ၂၁ (ဆင်ဟွာ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအား မေလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော ်(တောင်ပိုင်း) မှ တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ ပြောသည်။
ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့်...
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်ပျက်ပြယ်သွားပြီဖြစ်သောအပူပိုင်းမုန်တိုင်းမာရသာ(Marrutha)၏အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်း မိုးရွာသွန်းမှု များပြားပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနစ်၊ ဧပြီလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၄၅)မိနစ် (၂၀)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ( ၂၇၇ )မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တာလေမှ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍...