ရန်ကုန်၊ ဇူလိုင် ၂၅ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ဇူလိုင် ၂၅ ရက် နေ့လည်(၁၂)နာရီအချိန် တိုင်းထွာချက် အရ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ထီးချိုင့်မြို့တွင် ၈၇၉ စင်တီမီတာ သို့ရောက်ရှိ နေ၍ အဆိုပါမြို့၏ စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာသို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင်၂၄ရက် (ဆင်ဟွာ) ညောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေ ဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၄ရက် (ဆင်ဟွာ) မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေတက်၍ ခန္တီးမြို့၌ ဒုတိယ အကြိမ် ရေများဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ကသာခရိုင် ဝန်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ်းခမ်းကျေးရွာ လူနေအိမ် အချို့၌ ရေများ ဝင်ရောက် ခဲ့သလို မန္တလေး- မြစ်ကြီးနား သံလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် ကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်လျက် ရှိကြောင်း ဝန်းသို ပြန်/ဆက်မှ...
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၉၀ အကျော်တွင် စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀...
ရန်ကုန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ အနီး ဆုထူးပန် ကုမ္ပဏီ လုပ်ကွက် အတွင်းသို့ ရေမဆေးကျောက် ရှာဖွေရာတွင် ကျောက်ကြော မြေစာထု ပြိုကျခဲ့သဖြင့် ၄ ဦး သေဆုံးခဲ့ကြောင်း ကချင် ပြည်နယ်...
ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံမှု ရှိစေရေး အတွက် ခရီးသည်တင် ယာဉ်များ အရှိန်လွန် မောင်းနှင်မှုအား ဖုန်းခေါ်ဆို သတိပေးမှုမှာ ဇွန်လ အတွင်း အကြိမ်ရေ ၁၇၈၁ ကြိမ် ရှိကြောင်း...
နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဝန်ထမ်း ကြိုပို့ မော်တော်ယာဉ်ကား ယနေ့နံနက် ၉ နာရီကျော်ခန့်၌ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးရှေ့ အကွေ့တွင် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ဖယ်ရီကား ဒရိုင်ဘာ အပါအဝင် ဝန်ထမ်း ၂၈ ဦး...
ရန်ကုန်၊ ဇူလိုင်၁၀ရက် (ဆင်ဟွာ) ချင်းတွင်း မြစ်ရေသည် ဖောင်းပြင်မြို့တွင် နှစ်ပေခန့် ယင်းမြို့၏စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန် နေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။