ရန်ကုန်၊ ဧပြီ၁၅ရက် (ဆင်ဟွာ) ဧပြီ ၁၃ ရက် (သြင်္ကန်အကျနေ့) မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့် တွင် နေပြည်တော်မှ လယ်ဝေးမြို့နယ် ကုန်းပေါ်စုရွာသို့ မောင်းနှင်လာသည့် သြင်္ကန်အလည်အပတ်ယာဉ် ဖောအမျိုးအစားကားတစ်စီးသည် နိဗ္ဗာန်လမ်း ပေါ်၌ အရှိန်လွန်တိမ်းမှောက်သွားရာ ယာဉ်ပေါ်လိုက်ပါ လာသည့် ကုန်းပေါ်စု...
ရန်ကုန်၊ဧပြီ၁၄ရက်(ဆင်ဟွာ) ဧပြီလ ၁၃ရက်နေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့ (၁၂း၁၁း၅၁) နာရီတွင် အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သတင်းရရှိသည်။
ရန်ကုန်၊ ဧပြီ ၁၄ရက် (ဆင်ဟွာ) ၂၀၁၆ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် ည(၈)နာရီ၊ (၂၅)မိနစ်၊ (၁၈)စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့် အဆောက်အဦများ ပြင်းပြင်းထန်ထန် ပြိုကျပျက်စီးခြင်းမရှိခဲ့ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဧပြီလ ၁၃ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်မြေငလျင်သည် ကုန်းတွင်း ငလျင်ဖြစ်သည့်အတွက် ဆူနာမီဖြစ်ရန် အလားအလာမရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
ရန်ကုန်၊ဧပြီ ၁၃ ရက် (ဆင်ဟွာ) ယနေ့ညတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စေတီတော်နှစ်ဆူ ထီးတော်မြေခခဲ့သလို ပျက်စီးဆုံးရှုံးမှုတချို့လည်း ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ဧပြီ၁၃ ရက်(ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၂၅)မိနစ် (၁၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၁၁၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်း ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၄၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်...
ရန်ကုန် ၊ ဧပြီ ၁၃ရက် (ဆင်ဟွာ) ယခုနှစ်အယ်နီညိုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ရှိသော မြို့နယ် ၈ ခုတွင် အပူချိန်စံချိန်များ ယခင်အမြင့်ဆုံးစံချိန်ဟောင်းထက် စံချိန်ကျိုးသွားခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ဧပြီ၁၀ရက်(ဆင်ဟွာ) ဟဲဟိုးမြို့ နှင့် စစ်ကိုင်းမြို့တို့တွင် ယနေ့တွင် အပူချိန်စံချိန်သစ်မြင့်တက်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ပူတာအို၌ ငှက်မျိုးစိတ် တစ်မျိုး တွေ့ရှိခဲ့ပြီး ၊ မျိုးစိတ်သစ် ဖြစ်နိုင်ခြေ ရှိမရှိအား ယူနက်စကိုသို့ ပေးပို့စစ်ဆေး သွားမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊မတ်၂၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မင်္ဂလာဈေးတွင် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့သည့်မီးကို ည ၇ နာရီ ၂၀ မိနစ် ခန့်တွင် စတင်ထိန်းသိမ်းနိုင်ခဲ့သည်။