Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်အား မြစ်ကြောင်း ထိန်းသိမ်းရေး ဆောင်ရွက်ရန် တိုင်းတာရေး ကိရိယာများ တပ်ဆင်ပြီးစီး

မြစ်ကြောင်း ထိန်းသိမ်းရေးဆောင်ရွက်ရန် တိုင်းတာရေးကိရိယာများတပ်ဆင်ထားရှိမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- တင်စိုး(မြန်မာ့အလင်း))

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဧရာဝတီမြစ်အား မြစ်ကြောင်း ထိန်းသိမ်းရေးကို ဆောင်ရွက် နိုင်ရန် ပြည်ပ အကူအညီဖြင့် တိုင်းတာရေး ကိရိယာများကို တပ်ဆင် ပြီးစီးသွားပြီ ဖြစ်ကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်း များဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဦးစီးဌာနသို့ သြစတြေးလျ နိုင်ငံ အခြေစိုက် PENTAIR Environmental Systems နှင့် ကနေဒါနိုင်ငံ အခြေစိုက် Xanatos Marine ကုမ္ပဏီတို့က Automatic Weather Sensor, Water Quality Sensor, Sommer Radar Standနှင့်AIS System တို့ကို တရားဝင်လွှဲပြောင်းလှူဒါန်းခဲ့ရာ ယင်းကိရိယာများကို ဧရာဝတီမြစ် အတွင်း၌ စစ်ကိုင်း (အင်းဝ) တံတား မန္တလေးရေလမ်းကြောင်း ၌ Buoy နှင့် ရန်ကုန်မြစ် အတွင်း ဗိုလ်တထောင်ဆိပ်ကမ်းတို့၌ ဇူလိုင်လ ၁၄ ရက်မှ ၂ဝ ရက်အတွင်း တပ်ဆင်ပြီးစီးခဲ့ ကြောင်း သိရသည်။
စစ်ကိုင်း (အင်းဝ) တံတားတွင် တပ်ဆင်ထားသည့် Sommer Radar Stand (Radar 3G Network Antena,etc) သည် ဧရာဝတီမြစ် ၏ ရေမြင့်မှတ်နှင့် ရေမျက်နှာပြင်ရေစီးနှုန်းတို့အား တိုင်းတာနိုင်မည် ဖြစ်ကြောင်း၊ ယင်း အချက်အလက်များကို 3G Network ဖြင့် အင်တာနက်သို့ တိုက်ရိုက်ပေး ပို့မည် ဖြစ်ကြောင်း သိရသည်။
တစ်ဖန်မန္တလေး ရေလမ်းရှိ Navigation Buoy တွင် တပ်ဆင်ထားသည့် Automatic Weather Station သည်ဧရာဝတီမြစ်အတွင်းရှိ အပူချိန်၊ လေ တိုက်နှုန်း၊ လေတိုက်သည့်လားရာDirection, Barometric Pressure, Relative Humidity, Dew Point, Specific Enthalpy စသည်တို့အား ၁၅ မိနစ်ခြား တိုင်းတာမည်ဖြစ်ပြီး Network သို့YkdReal Time ပေးပို့ မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန် ဆိပ်ကမ်းတွင် Automatic Weather Sensor နှင့် ရေအရည်အသွေး တိုင်းတာပြီးနောက် ဝက်ဘ်ဆိုက်သို့ တိုက်ရိုက် ပေးပို့မည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တိုင်းတာရေး ကိရိယာများမှ တစ်ဆင့် သတင်း အချက်အလက်များ ရယူလိုသော ပြည်သူများ အနေဖြင့် www.envault.com.au ဝက်ဘ်ဆိုဒ်တွင် user name=dwir နှင့် p.w>dwir တို့တွင် အခမဲ့ ရယူ သုံးစွဲနိုင်ကြောင်း သိရသည်။ ယင်း စက်ကိရိယာများ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြင့် ဧရာဝတီမြစ် ရေအရင်း အမြစ် စီမံခန့်ခွဲမှု၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍနှင့် ရာသီဥတု အချက်အလက်များ စုစည်းမှု တို့ကို အထောက် အကူပြုနိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.