ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဧပြီ ၂၂ ရက်ကနွံကန် ကျိုးပေါက်ခဲ့ရာ ယနေ့ ဧပြီ ၂၄ ရက်ထိ အလောင်း ၅လောင်း ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့် မြို့ ၌ နွံကန်ကျိုးပေါက်မှုဖြစ်ပွားရာမှ ကုမ္ပဏီဝန်ထမ်းများနှင့် စက်ယန္တရားများပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) မကွေးမြို့နယ် အတွင်း လူနေအိမ် တစ်လုံးမှတဆင့် ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး မီးလောင်ကျွမ်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်/အဆောက်အဦများ ပြိုကျမှု ဖြစ်ပွားခဲ့ရာမှ လူ ၃ ဦး သေဆုံးသွားပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၀ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှုဖြစ်ပွားခဲ့ပြီး စက်ဘီးစီးနင်းသည့် အမျိုးသားသည် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အမ်းမြို့တွင်ဧပြီလ ၂၀ ရက် တွင် ၁၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ဧပြီလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက် ညနေ (၅)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ဆောင်အချို့ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) နေပြည်တော် ၊ ဇေယျာသီရိ မြို့နယ်၌ ဧပြီ ၁၆ ရက်တွင် သြင်္ကန် လည်သော ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦးမှာ သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး...