ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ထိုင်းပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသ ဖြစ်စဉ် နှင့် ပတ်သက်၍ သတိပေးနှိုးဆော်ချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်ထုမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ) တွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ် နှင့် PROBOX ယာဉ်တို့ တိုက်မိ၍ လူဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကုက္ကိုဝတံတား အောက်ရှိ မြစ်ကမ်းပါးသည် မြစ်ရေ တိုက်စားမှုများကြောင့် ယမန်နေ့ ညနေ (၄) နာရီခွဲ အချိန်က ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖားကန့်မြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင်ခန့်အကွာ) အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဂါဂျာ”(Gaja) ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မိုးနဲ-မောက်မယ်လမ်းပိုင်း ကုန်းပေါင်း ကျေးရွာအနီးတွင် ကားနှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression) ၏ အရှိန်ကြောင့် ယနေ့ နံနက်မှ နောက် ၃၆ နာရီ အတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသ နှင့်...
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ ခဲကျင်းမြေစာပြိုကျမှုကြောင့် အမျိုးသား ၄ ဦး ပိတ်မိနေရာမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။