ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး တောင်ကျရေများ စီးဆင်း လာသောကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) လှိုင်မြစ်ရေတက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဂေါ့ကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာနှင့်အခြေခံပညာ မူလတန်းကျောင်းဝန်းအတွင်းသို့ လှိုင်မြစ်ရေသည် မြေပြင်အထက် ၂ ပေခန့် ဝင်ရောက်ခြင်း၊ ဂေါ့ကျေးရွာအုပ်စု သနပ်ကုန်းကျေးရွာအတွင်းနှင့် အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းသို့ မြေပြင်အထက်(၁)ပေခန့် ဝင်ရောက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးများသည် ကျေးရွာကော်မတီ ဝင်များနှင့် ညှိနှိုင်းကာ သြဂုတ်လ...
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်လျက်ရှိပြီး၊ စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်လျက်ရှိသည့်အတွက် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသူများထံ ထောက်ပံ့ရေးလုပ်ငန်းများ ဆက်လပ်ဆောင်ရွက်ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်နောက်(၄၈)နာရီအ တွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၀၀/၂-၃)ကြား၌ ခိုင်ဦး(၄၃)နှစ်မောင်းနှင်ပြီး လူ၂၆ ဦး (ကျား ၁၆၊ မ ၁၀) လိုက်ပါလာသည့် 1N/xxxx “မျိုးဆက်သစ်” Express ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ...
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၉)မိုင်ခန့် ကွာဝေးသောစစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြိ့ု၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “ဘီဘင်ကာ” (Bebinca)၏ အကြွင်းအကျန် တိမ်တိုက်များ၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၇၂) နာရီအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့ တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးကြီးမည့်သတိပေးချက်အားမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ရှိသည့် ဆည်၊ တမံများ အနက် အချို့သော ဆည်၊ တမံများမှာ မိုးရွာသွန်းမှု အားကောင်း၍ သတ်မှတ်ကန်ရေပြည့်ပမာဏကျော်လွန်လျက်ရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသည့် ဆည်၊ တမံ ၄၄ ခုရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။