Connect with us

Environment, Disasters & Accidents

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ ခဲကျင်းမြေစာပြိုကျမှုကြောင့် အမျိုးသား ၄ ဦး ပိတ်မိနေရာမှ ပြန်လည်ကယ်ထုတ်နိုင်

ဖားဆောင်းမြို့နယ်၌ ခဲကျင်းမြေစာပြိုကျမှုကြောင့် အမျိုးသား ၄ ဦး ပိတ်မိနေရာမှကယ်တင်နိုင်ခဲ့စဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ ခဲကျင်းမြေစာပြိုကျမှုကြောင့် အမျိုးသား ၄ ဦး ပိတ်မိနေရာမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ ၁၈း၀၀နာရီ အချိန် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာ၊ ကယားပြည်နယ်၊ သတ္တုတူးဖော်ရေးကုမ္ပဏီပိုင်ခဲကျင်းအတွင်း ၁၀၀၀ ပေခန့်၌ မြေစာများပြိုကျပြီး ကျင်းလုပ်သား ဇာနည်နိုင်(၂၁)နှစ်နှင့် အမျိုးသား ၄ ဦးတို့မှာ ပိတ်မိနေကြောင်း အဆိုပါကုမ္ပဏီတာဝန်ခံ ပြေသိန်းထွန်း(၂၆)နှစ်က အကြောင်းကြားသဖြင့် နယ်မြေခံတပ်မတော်သားများ၊ ဖားဆောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဖားဆောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၀ ရက်နေ့ ၀၄း၃၅ နာရီ အချိန်တွင် ၎င်းတို့အား ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)