Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့၌ ကား နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ နှစ်ဦး သေဆုံး

မိုးနဲမြို့ ၌ ကား နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မိုးနဲ-မောက်မယ်လမ်းပိုင်း ကုန်းပေါင်း ကျေးရွာအနီးတွင် ကားနှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မောက်မယ်မြို့မှ ပြောင်းစံအိတ်များ တင်ဆောင်၍ မောင်းနှင်လာသော ယာဉ်အမှတ် SHN/5F—–HILUX Tiger ခဲရောင်ကားနှင့် မော်တော်ဆိုင်ကယ်အမှတ် ၅၃ယ/ —- KKNBO 125 အနက်ရောင်တို့သည် နိုဝင်ဘာ ၁၀ ရက် မွန်းလွှဲပိုင်းတွင် မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ နှင့် လိုက်ပါ စီးနင်းသူ ၂ ဦး အနက် ၁ ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မော်တော်ယာဉ်အားပေါ့ဆစွာမောင်းနှင်သူအား မြို့မရဲစခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားသည်။(Xinhua)