ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ယနေ့ နံနက်တွင် တိုက်လေယာဉ် နှစ်စီးပျက်ကျပြီး လေယာဉ်မှူးနှစ်ဦး ကျဆုံးကာ မြေပြင်ရှိ ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်(လေ)မှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် ဝိုင်းမော်-ကန်ပိုက်တီ ကားလမ်းရှိ သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာ၍မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁) ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်စဉ်(၂၂) ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းယာဉ်မတော်တဆမှုများတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ 3A/×××× ဒိုင်နာ ၆ ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၅.၃၄)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၀)၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ ရွှေစြင်္ကာ ခရီးသည်တင်ယာဉ်က သစ်ပင်အား ဝင်တိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ စေတီပုထိုးများအနက် ငလျင်လှုပ်ပြီးချိန်မှ ယခုအချိန်အထိ (၂) နှစ်တာ ကာလအတွင်း စုစုပေါင်း စေတီပုထိုး ၃၂၅ ဆူကို ပြုပြင် ထိန်းသိမ်းပြီး ဖြစ်ကြောင်း ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ...
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “တစ်လီ”(TITLI)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၏ မြောက်ဘက်(၆)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၉၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၅) ဒီဂရီ၊ အနက်(၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “တစ်လီ” (TITLI) ၏အရှိန်ကြောင့် နောက်(၄၈)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ မြန်မာစံတော်ချိန်(၁၁း၀၀)နာရီအချိန်ထုတ်ပြန်ချက်အရ သိရသည်။