Connect with us

Environment, Disasters & Accidents

တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားခြင်းကို တရားဝင် တားမြစ်လိုက်မှုကို ကြိုဆိုသည့် အနေဖြင့် ရန်ကုန်မြို့၌ ပွဲတော် ကျင်းပမည်

တောကောင်လေးတို့ အတွက် ရင်တွင်း စကားသံ ပွဲတော်အကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားခြင်းကို တရားဝင် တားမြစ်လိုက်မှုကို ကြိုဆိုသည့် အနေဖြင့် တောကောင်လေးတို့အတွက် ရင်တွင်း စကားသံ ပွဲတော်ကို ရန်ကုန်မြို့ရှိ မဟာ ဗန္ဓုလ ပန်းခြံ၌ နိုဝင်ဘာ ၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ပွဲတော်သည် လူတန်းစား မရွေး ပူးပေါင်းပါဝင် လှုပ်ရှားနိုင်စေရန် ရည်ရွယ်၍ အခမဲ့ ဝင်ကြေးဖြင့် ကျင်းပမည် ဖြစ်ပြီး ကလေး ၊ လူငယ် ၊ လူကြီး အပြင် မိသားစု အားလုံး ပါဝင်နိုင်မည့် တောရိုင်း တိရစ္ဆာန်များစွာနှင့် သက်ဆိုင်သည့် လှုပ်ရှားမှု အစီအစဉ်များ ၊ ဂရဖတီ အနုပညာရှင် အာကာကျော်၏ ရုပ်လုံးပုံဖော်မှု အသစ်နှင့် အခြား နာမည်ကျော် အနုပညာရှင်များ ဖြစ်ကြသော နီနီခင်ဇော် ၊ ကျော်သီဟ ၊ ခြူးစစ်ဟန် ၊ နောနော် ၊ မီးနို နှင့် ချမ်းချမ်း တို့၏ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်နေမှုက မူးယစ်ဆေးဝါး ၊ လက်နက်နဲ့လူကုန်ကူး အစရှိတဲ့ ရာဇဝတ်မှုတွေပြီးရင် စတုတ္ထမြောက် အကြီးဆုံး နိုင်ငံတကာ ရာဇဝတ်မှုကြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ဒေသတွင်းမှာ ဒီရာဇဝတ်မှု ကင်းစင်သွားအောင် ခြေလှမ်းသစ် စလိုက်တာကို ကျွန်တော်တို့ဂုဏ်ပြုပါတယ်။ပြီးတော့ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ ဒီရာဇဝတ်မှုကြီး ကင်းစင်ပပျောက်သွားအောင် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”ဟု WWF မြန်မာ၏ ဌာနေ ညွှန်ကြားရေးမှူး ဖြစ်သူ ခရစ္စတီး ဝီလျံက ပြောကြားခဲ့သည်။

တောကောင်လေးတို့အတွက် ရင်တွင်း စကားသံ ပွဲတော်တွင် ဘိုဘို နှင့် မိုမို အမည်ရှိ ရုပ်ရှင် ဇာတ်လမ်းတို ပွဲဦးထွက် ပြသမှုကို ရှုစားရမည် ဖြစ်ကြောင်း ၊ တနေ့တာလုံး လာရောက် လည်ပတ်သူများ အနေဖြင့် အနုပညာဇုန်တွင် ဆေးပန်းချီများ ရေးဆွဲနိုင်ခြင်း ၊ ချစ်စဖွယ် မြန်မာလက်မှု အနုပညာ တောကောင်ရုပ် လေးများနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများကို ဝယ်ယူ ရရှိနိုင်ခြင်း ၊ ပလတ်စတစ် ကင်းစင်သော သရေစာမုန့်များ သုံးဆောင်နိုင်ခြင်း တို့အပြင် VR မျက်မှန်များဖြင့် ကျားငယ်လေး အများအပြား နှင့်လည်း ပကတိ နီးပါး အနီးကပ် ခံစား တွေ့ဆုံ နိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.