Connect with us

Myanmar

မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမှု ပြီးဆုံး

အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် မဲပေးမှုပြီးစီး၍ မဲရလဒ်များအား ရေတွက်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် မဲပေးမှုများသည် ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ညနေပိုင်း၌ ပြီးဆုံးခဲ့ကြောင်း မဲရုံများထံမှ သိရသည်။
အဆိုပါ မဲပေးမှုများကို ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် ရွေးကောက်ပွဲတာဝန်ရှိသူတစ်ဦးက မဲရုံပိတ်သိမ်းကြောင်း ကြေညာပြီး မဲရုံများကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်း မဲရုံများပိတ်သိမ်းပြီးနောက် မဲရုံရှိ ရွေးကောက်ပွဲဝန်ထမ်းများသည် ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ၊ ကိုယ်စားလှယ်လောင်းများနှင့် စောင့်ကြည့်သူများရှေ့တွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် ကြိုတင်မဲများ အပါအဝင် ရရှိထားသော ဆန္ဒမဲများအား ရေတွက်ခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း (၁) အတွက် စနစ်တကျနှင့် လွတ်လပ်စွာ မဲပေးမှုများကို လေ့လာစောင့်ကြည့်ရန်အတွက် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင် ၁၃၉ ဦးနှင့် သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းဖြင့် ကျင်းပလျက်ရှိပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်နှင့် အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆၉၂ ခုအတွက် နိုင်ငံရေးပါတီ ၅၇ ခုမှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ခန့်သည် လွှတ်တော်သုံးရပ်အတွက် ယှဉ်ပြိုင်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင် မဲရုံ ၂၁,၅၁၇ ခုရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရွေးကောက်ပွဲရလဒ်များကို မဲပေးမှုအဆင့်အားလုံး ပြီးဆုံးပြီးနောက် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………………

(English Version)
First phase of Myanmar’s general election concludes

YANGON, Dec. 28 (Xinhua) — Voting for the first phase of Myanmar’s 2025 multi-party democratic general election concluded on Sunday afternoon.

Voting began at 6 a.m. local time on Sunday. At 4 p.m., an election official at a polling station in Yangon’s Kyauktada township announced the closure of the polling station.

Following the closure, election staff at the polling station, in the presence of domestic and international media, candidates and observers, counted the votes, including advance votes, for seats in the Pyithu Hluttaw (Lower House), Amyotha Hluttaw (Upper House), and State and Region Hluttaws (State and Region Parliaments).

According to the Information Team of Myanmar’s National Defense and Security Council, a total of 139 members of international election observation teams and representatives of the diplomatic community were present to observe and monitor the orderly and free casting of votes during the first phase of the election on Sunday.

The 2025 general election is being held in three phases. The second and third voting phases are scheduled for Jan. 11 and Jan. 25, 2026, respectively.

The election will cover 692 constituencies nationwide, with about 5,000 candidates from 57 political parties competing for seats in the above-mentioned three parliaments. According to the Union Election Commission, 21,517 polling stations have been set up across the country.

Final election results are expected to be announced after the completion of all voting phases.

Myanmar’s last general election was held in November 2020. Enditem