Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့နေပြည်တော်၌ ကြိုတင်မဲပေး

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကြိုတင်မဲပေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့ကြသည်။

 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကြိုတင်မဲပေးနေစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကြိုတင်မဲ ပေးနေစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကြိုတင်မဲ ပေးနေစဉ် (ဆင်ဟွာ)

 အဆိုပါ ကော်မရှင် အဖွဲ့ခွဲရုံး၌ နံနက် ၉ း ၀၀ နာရီတိတိတွင် နိုင်ငံတော် သမ္မတကြီးကလည်းကောင်း၊ နံနက် ၉ း ၃၀ နာရီ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်းကောင်း မဲပေးခဲ့ကြခြင်း ဖြစ်ပြီး နိုင်ငံတော် သမ္မတက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ် အတွက် ပေးအပ်ခြင်း ဖြစ် ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အတွက် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)