Connect with us

Africa & Middle East

ကဘူးလ်မြို့အနီးရှိ မဲရုံ လေးရုံတွင် ပေါက်ကွဲမှုဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံတွင် မဲရုံများ၌ ဆန္ဒမဲပေးရန် တန်းစီနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မဲရုံများအနီးတွင် အောက်တိုဘာလ ၂၀ ရက်က ပေါက်ကွဲမှု လေးခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာဖဂန် တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

အကြမ်းဖက်မှုဒဏ်များ ခံစားခဲ့ရသည့် အာဖဂန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများအား အဆင်ပြေချောမွေ့စွာ ဆက်လက် ကျင်းပခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားလိုက်သည်။အာဖဂန်နိုင်ငံ အောက်လွှတ်တော် သို့မဟုတ် Wolesi Jirga ၏ အမတ်နေရာ ၂၄၉ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂,၅၀၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။အာဖဂန် ရွေးကောက်ပွဲအား အကြမ်းဖက်တိုက်ခိုက်မည်ဟု သံန္နိဋ္ဌာန်ချထားသော တာလီဘန်စစ်သွေးကြွများက မဲရုံများအပေါ် တိုက်ခိုက်မှုလုပ်ဆောင်သည်ဟု အတည်မပြုနိုင်သေးကြောင်း၊အဆိုပါ ရွေးကောက်ပွဲအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀,၀၀၀ ဦးအား တပ်ဖြန့်ထားကြောင်း သိရသည်။ (Xinhua)