Connect with us

Myanmar

(၃၁ )ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအသင်း ပထမဆုံးရွှေတံဆိပ်ဆုကို KURASH အားကစားနည်းဖြင့် စတင်ရရှိ

(၃၁ )ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအသင်းKURASH အားကစားနည်း ယှဉ်ပြိုင်နေဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာနိုင်ငံက ပထမဆုံးရွှေတံဆိပ်ဆုကို KURASH အားကစားနည်းဖြင့် စတင်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

(၃၁ )ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအသင်းKURASH အားကစားနည်း ယှဉ်ပြိုင်နေဉ်(ဓာတ်ပုံ-MRTV)

မြန်မာနိုင်ငံမှ အေးအေးအောင်သည် ၈၇ ကီလိုတန်းအထက် KURASH အားကစားနည်းပြိုင်ပွဲတွင် နိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ယင်း KURASH အားကစားနည်းတွင် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု တစ်ခုကိုလည်း အမျိုးသမီးအားကစားသမားမခင်ခင်စု က +48 Kg တန်းတွင် မေ ၁၀ ရက်၌ ဆွတ်ခူးရှိထားကြောင်း သိရသည်။ (Xinhua)