Connect with us

Myanmar

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ မြားပစ်အားကစားနည်းတွင် မြန်မာမြားပစ်အဖွဲ့မှ ကစားသမား ၁၃ ဦး ယှဉ်ပြိုင်မည်

၂၈ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွက် မြန်မာ မြားပစ်အဖွဲ့ဝင်တစ်ဦး မြားပစ်လေ့ကျင့်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ၏ မြားပစ်အားကစားနည်းတွင် မြန်မာမြားပစ်အဖွဲ့မှ ကစားသမား ၁၃ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ မေ ၁၂ ရက်တွင် ပြောသည်။

ဦးဌေးအောင်က “အားကစားနည်း ၉ နည်းကနေ ရွှေတံဆိပ် ၁၂ ခုရနိုင်တယ်ဆိုပြီးမျှော်မှန်းထားခဲ့ပါတယ်။ အခုတော့ KURASH ကစားနည်းကနေ ပထမဆုံးရွှေတံဆိပ်ကို မြန်မာနိုင်ငံအတွက်ယူပေးနိုင်ခဲ့ပါပြီ။ အခုမြားပစ်အားကစားနည်းအား ရွှေတံဆိပ်မှန်းထားတဲ့ အားကစားနည်း ထဲမှာပါပါတယ်။ ပြိုင်ပွဲက မေလ ၁၅ ရက်နေ့ မှပြိုင်မှာဆိုတော့ အခုထက်ထိတော့ပြိုင်ပွဲ အနေအထားကတော့ ဘာဖြစ်လာမလဲဆိုတာတော့ ပြောလို့ မရသေးသဘူးပေ့ါ’’ ဟု ပြောသည်။

ဆီးဂိမ်းမြားပစ်ပြိုင်ပွဲကို မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းမြားပစ်ပြိုင်ပွဲတွင် Recurve ၌ ပြိုင်ပွဲအမျိုးအစား ၅ မျိုး၊ Compound တွင် ပြိုင်ပွဲအမျိုးအစား ၅မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာမြားပစ်အဖွဲ့အနေဖြင့် အမျိုးသမီး Compound အသင်းလိုက်ပြိုင်ပွဲမှလွဲ၍ မြားပစ် ပြိုင်ပွဲအမျိုးအစား ၉ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

၂၀၁၉ ခုနှစ်တွင်ကျင်းပသော အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာမြားပစ်အဖွဲ့အနေဖြင့် ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ခု ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ သိရသည်။ (Xinhua)

#