Connect with us

Culture & Entertainment

သုံးနှစ်ကြာရပ်နားထားခဲ့ရသည့် အင်းလေးဖောင်တော်ဦးဘုရားများ ဒေသစာရီကြွချီပွဲအခမ်းအနားတွင် ခြေထောက်ဖြင့် လှေလှော်ခတ်ရသည့် ရိုးရာလှေလှော်ပြိုင်ပွဲကိုထည့်သွင်းကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁ ရက် အထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည်ကြွချီပူဇော်ခံမည်ဖြစ်ပြီး ယင်းပွဲတော်အတွင်း ခြေထောက်ဖြင့်လှော်ခတ်ရသည့် ရိုးရာလှေပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

ဦးခွန်သိန်းမောင်က “ရိုးရာလှေပြိုင်ပွဲကတော့ ၂ ခု ရှိမှာပေ့ါနော်။ ပထမတစ်ခုကတော့ ညောင်ရွှေမြို့ကို ဘုရားဒေသစာရီကြွချီလာတဲ့အချိန်မှာ အောက်တိုဘာ ၂၁ ရက်မှာ လှေပြိုင်ပွဲဗိုလ်လုပွဲ တစ်ကြိမ်ကျင်းပမှာ တစ်ခုရှိတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ကျောင်းတော်ဝင်ပွဲပေ့ါ။ အဲဒါက နိုဝင်ဘာ ၁ ရက်ပေ့ါ။ အဲဒီမှာလည်း ဗိုလ်လုပွဲ တစ်ကြိမ်ကျင်းပမှာဖြစ်ပါတယ်” ဟုပြောသည်။

၂၀၁၉ ခုနှစ်၊ COVID-19 ကပ်ရောဂါ စတင်ကျင်းပသည့်အချိန်မှစ၍ ၃ နှစ်ကြာရပ်နားထားခဲ့ရသော အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည်ကြွချီပူဇော်ခံပွဲနှင့် ရိုးရာလှေပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ကိုဗစ်ကပ်ရောဂါအလွန်ကာလတွင် ပထမဦးဆုံးပြန်လည်ကျင်းပခြင်းဖြစ်သည်။

“လှေလှော်ပြိုင်ပွဲကတော့ အင်းလေးဒေသရဲ့အထိမ်းအမှတ်လည်းဖြစ်တယ်။ လှေလှော်ပြိုင်ပွဲကို ဆောင်ရွက်ခြင်းအားဖြင့် သူတို့ရဲ့စည်းလုံးညီညွတ်မှုတွေကိုလည်း ဖော်ပြတယ်။ ဒေသငြိမ်းချမ်းသာယာမှု၊ ဖွံ့ဖြိုးမှုကို ကိုယ်စားပြုတဲ့ပြိုင်ပွဲလေးဖြစ်ပါတယ်။ ဒါကြောင့်လည်း လှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဦးခွန်သိန်းမောင်က ဖြည့်စွက်ပြောကြားသည်။

အဆိုပါပြိုင်ပွဲများတွင် အင်းသားရိုးရာအမျိုးသား ရာကျော်လှေပြိုင်ပွဲ၊ အမျိုးသားလေးကျိပ်ခြောက်လှေပြိုင်ပွဲ၊ အမျိုးသမီးနှစ်ကျိပ်ခြောက်လှေပြိုင်ပွဲ နှင့် အမျိုးသားတစ်ဦးချင်းလှေပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“လှေကိုလက်နဲ့မလှော်ဘဲ ခြေထောက်နဲ့လှော်တာက အင်းလေးဒေသရဲ့အထိမ်းအမှတ်လည်းဖြစ်တယ်။ ခြေထောက်နဲ့လှေလှော်တာကို အားလုံးကျွမ်းကျွမ်းကျင်ကျင် လှော်နိုင်တဲ့ ဒေသလေးလည်း ဖြစ်ပါတယ်” ဟု ဦးခွန်သိမ်းမောင်က ပြောကြားသည်။

လှေလှော်အသင်းပေါင်း ၃၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ဆန်ခါတင်အသင်းများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ လှေအစီးရေက လှေပြိုင်ပွဲ အတန်းစုံအတွက် လှေအစီးရေ ၂၀ ဝန်းကျင်ရှိနိုင်ကြောင်း သိရသည်။

အဆိုအင်းလေးဖောင်တော်ဦးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ ကျင်းပလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.