Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်၌ Drop ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံး၊ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိ

ကော့ကရိတ်မြို့တွင်း ကျောင်းသူများ ဗုံးထိမှန်သော နေရာပြ မြေပုံအားတွေ့ရစဉ် ( ဓာတ်ပုံ-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ယနေ့ (အောက်တိုဘာ ၁၃ ရက်) မွန်းလွဲပိုင်းက Drop ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး အခြားသူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျောင်းအတွင်းမှ နှစ်ဝက်စာမေးပွဲဖြေဆိုပြီးပြန်ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအနီး၌ အကြမ်းဖက်သမားများ ပစ်ချတိုက်ခိုက်ခဲ့သည့် Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသူ ၁ ဦး သေဆုံးကာ အခြားကျောင်းသူ ၃ ဦး ဗုံးစထိမှန်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သဖြင့်
ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။(Xinhua)