Connect with us

Environment, Disasters & Accidents

ရွှေပြည်သာမြို့နယ်တွင် ပရဟိတ ယာဉ်တစ်စီး ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော၊ နေပြည်တော်ရှိ ဆာဖာရီဥယျာဉ်၌ တိရစ္ဆာန်များသဘာဝနှင့် အနီးစပ်ဆုံး၊ သဘာဝအတိုင်း ကျက်စားလှုပ်ရှားသွားလာနေမှုကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၁၄ လမ်းဆုံတွင် ယနေ့ (အောက်တိုဘာ ၁၆ ရက်) ည ၈ နာရီဝန်းကျင်က လမ်းဘေး၌ရပ်ထားသော တွဲကားနှင့် ပရဟိတယာဉ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်ပေးသည့် ကနောင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော၊ နေပြည်တော်ရှိ ဆာဖာရီဥယျာဉ်၌ တိရစ္ဆာန်များသဘာဝနှင့် အနီးစပ်ဆုံး၊ သဘာဝအတိုင်း ကျက်စားလှုပ်ရှားသွားလာနေမှုကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော၊ နေပြည်တော်ရှိ ဆာဖာရီဥယျာဉ်၌ တိရစ္ဆာန်များသဘာဝနှင့် အနီးစပ်ဆုံး၊ သဘာဝအတိုင်း ကျက်စားလှုပ်ရှားသွားလာနေမှုကို တွေ့ရစဉ် (ဆင်ဟွာ)

” ကားပေါ်ပါ ၅ ဦးနဲ့ လမ်းဖြတ်ကူးသူ အပါ စုစုပေါင်း ၆ ဦးမှာ ၂ ဦးသေ ၄ ဦး ဒဏ်ရာရတယ်” ဟု ကနောင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ အဖွဲ့ဝင်အမျိုးသားတစ်ဦးနှင့် လူနာ အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ၌ ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖြစ်စဉ်အကြမ်းဖျင်းကတော့ လမ်းဖြတ်ကူးတဲ့သူကို ရှောင်လိုက်ရင်း လမ်းဘေးက ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိတယ်၊ အသင်းက အဖွဲ့ဝင်တစ်ဦး အခင်းဖြစ်နေရာမှာ သေတယ်၊ အရေးပေါ် သယ်လာတဲ့ လူနာက ဆေးရုံမှာ ထပ်ဆုံးတယ်” ဟု We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်း ဒဏ်ရာရှိသူများနှင့် သေဆုံးသူများကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117