Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ မြို့နှစ်မြို့တွင် ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံး အပူချိန်စံချိန်သစ်တင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မေလ၏ အနိမ့်ဆုံးအပူချိန်စံချိန်သစ်မြို့နှစ်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ မြို့နှစ်မြို့တွင် နှစ်ပေါင်း ၂၈နှစ်နှင့် ၃၆ နှစ်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားမှူး ဦးလှထွန်းကဆင်ဟွာသို့ ယနေ့ မေ ၁၆ ရက်တွင်ပြောသည်။

ဦးလှထွန်းက “မုန်တိုင်းမိုးရွာလိုက်တော့ အေးသွားတာပါ’’ ဟု ပြောသည်။
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် နှစ်ပေါင်း ၂၈နှစ်အတွင်း အနိမ့်ဆုံးအပူချိန် ၁၂.၅ ဒီဂရီစင်တီ ဂရိတ်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင်လည်း နှစ်ပေါင်း ၃၆ နှစ်အတွင်း အနိမ့်ဆုံးအပူချိန် ၁၇.၁ ဒီဂရီစင်တီဂရိတ်အထိ မေ ၁၆ ရက်တွင် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးရှိမြို့နှစ်မြို့တွင် တစ်ရက်အတွင်း ရွာသွန်းသော မိုးရေချိန် စံချိန်သစ်တင် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မေ ၁၄ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မှ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.