Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၁ ဦးထိ တိုးလာ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ အပျက်အစီးများတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက် တိုက်ခတ်မှုကြောင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ သေဆုံးသူအရေအတွက်မှာ၂၁ ဦးထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေ ၁၆ ရက်တွင် ထုတ်ပြန်သောသတင်းအရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ အပျက်အစီးများတွေ့ရစဉ် (ဆင်ဟွာ)

မေ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အထိအခိုက်အပျက်စီးများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒဏ် ပိုမိုခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ မြိုနယ် ၁၇ မြို့နယ်ဖြစ်သည့် ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မြေပုံမြို့နယ်၊ ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့များကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ခဲ့သည်။ (Xinhua)