Myanmar
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွါလာသူ ၇ သိန်းနီးပါးအတွက် ငွေကြေးအကူအညီထောက်ပံ့

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် နေရပ်စွန့်ခွါလာသူ ၇ သိန်း နီးပါးအား ငွေကြေး အကူအညီပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အောက်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာ၀န်ရှိသူက ယနေ့ (မတ် ၁၁ ရက်) တွင် ပြောကြားခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကိုအသုံးပြု၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကာလအတွင်း အစိုးရက ကျပ်ငွေ ၁၆၆ ဘီလီယံကျော် ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယာယီ စစ်ဘေးရှောင်လာသူများ၏ အခြေခံလိုအပ်ချက်များကို အဆိုပါ ရန်ပုံငွေဖြင့် ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။ (Xinhua)

ချင်းပြည်နယ်အစိုးရအဖွဲ့က နေရပ်စွန့်ခွါသူများအား ထောက်ပံ့ငွေများ ပေးအပ်စဥ် (ဓာတ်ပုံ-MRTV)