ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ် ၆ဒသမ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar ) က မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊မေ ၁၄ ရက်(ဆင်ဟွာ) လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၃၉ ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းပူဇော်ပွဲအားမေ၁၄ရက်နေ့၌ ကျင်းပခဲ့ကြောင်းရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူ ဦးခင်မောင်ဌေးက ဆင်ဟွာသို့ ယနေ့မေ ၁၄ ရက် တွင်ပြောသည်။ ဦးခင်မောင်ဌေးက “မနက်ကတော့သစ်သီးဆွမ်းနဲ့ဘုရားကိုအာရုံဆွမ်းကပ်တယ်။ဘုရားကြီးကို ဘုရားဝေယျာဝစ္စအသင်းတွေနဲ့ပူးပေါင်းကာတစ်ပတ်ရစ်ပြီးလှည့်လည်ပူဇော်တယ်။ဘာသာရေးအသင်းအဖွဲ့တွေက ကဆုန်ညောင်ရေသွန်းအိုးလေးတွေကိုင်ပြီးလှည့်လည်ပူဇော်ခဲ့ပါတယ်။ အခမ်းအနားကျင်းပမယ့်မဟာဗောဓိညောင်ပင်ကိုစုရုံးရောက်ရှိတယ်။ဩဝါဒါစရိယဆရာတော်ကြီး၁၁ပါးကို သီးခြားပင့်ဖိတ်ပြီး အာရုံဆွမ်းကပ်တယ်။ အာရုံဆွမ်းကပ်ပြီးတော့မှ ဩဝါဒါစရိယဆရာတော်ကြီးများကိုမဟာဗောဓိညောင်ပင်ကိုပင့်တယ်။အဲဒီ မှာအနေကဇာတင်တယ်။...
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) တေးသံသွင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အသစ်ပြုလုပ်ရန် နှင့် သက်တမ်းတိုးလဲလှယ်ရန် အသိပေးကြေညာချက်အား ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ ပြန်ကြားရေးဝန်ကြီး ဌာနမှာ သက်တမ်းတိုးဖို့ ထောက်ခံချက်လိုအပ်ရင်...
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ပီတန်းအားကစားနည်းမှ မခင်ချယ်ရီသက်က ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ “ပီတန်းအားကစားနည်းမှ မခင်ချယ်ရီသက် က ဒုတိယမြောက် ရွှေတံဆိပ်ဆုအား ဆွတ်ခူးတာပေါ့။ ဆီးဂိမ်းက အားကစားသမားတွေလည်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်နေကြပါတယ်။ ယှဉ်ပြိုင်နေကြတဲ့...
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၅/၀ အနီးတွင် ယနေ့ (မေ ၁၄ ရက်) နံနက် ၄ နာရီခွဲအချိန်၌ Express ယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေးတွင်ရပ်ထားသော Counter ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိမှု...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ထားသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စေရေး ကြေညာချက်အား ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်အဖွဲ့ဝင်၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ကျန်းမာရေးလုပ်သား အရင်းအမြစ်ဦးစီးဌာနမှာ အသေးစိတ်အချက်အလက်တွေကို စုံစမ်းလို့ရပါတယ်။ အဓိကကတော့...
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ (မေ ၁၂ ရက်) မွန်းလွဲပိုင်းက ယာဉ်တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” ခု နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ...
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ၏ မြားပစ်အားကစားနည်းတွင် မြန်မာမြားပစ်အဖွဲ့မှ ကစားသမား ၁၃ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ မေ ၁၂ ရက်တွင် ပြောသည်။ ဦးဌေးအောင်က “အားကစားနည်း ၉...
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာနိုင်ငံက ပထမဆုံးရွှေတံဆိပ်ဆုကို KURASH အားကစားနည်းဖြင့် စတင်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ မြန်မာနိုင်ငံမှ အေးအေးအောင်သည် ၈၇ ကီလိုတန်းအထက် KURASH အားကစားနည်းပြိုင်ပွဲတွင်...
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ(Asani)၏ အရှိန်ကြောင့် ယနေ့ နံနက် မှ မေ၁၃ ရက် အတွင်း မိုးရွာသွန်းခြင်း နှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကြိုတင် သတိပြုရန် လိုအပ်ကြောင်း...