ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် နှစ်စဉ်မတ်လတွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၀-၂၀၂၁ မတ်လတွင် ကျင်းပပြုလုပ်နိုင်ခြင်းမရှိတော့သောကြောင့် ကျောင်းသားများနစ်နာမှု မရှိစေရန် စာသင်နှစ် (Academic Year) ကို ၂ နှစ်ပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့...
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အီရန်နိုင်ငံတွင် ဖမ်းဆီးခံနေရသည့် ကိုရီးယားရေနံတင်သင်္ဘောအမှုနှင့်ဆက်စပ်လျက် ထိန်းသိမ်းခံထားရသော မြန်မာသင်္ဘောသား ၁၁ ဦးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဆင်ဟွာသို့ ဇန်နဝါရီ ၈...
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်မည့် ဗီယက်နမ်ဆီးဂိမ်းနှင့် နိုင်ငံတကာ တိုက်ကွမ်ဒို ပြိုင်ပွဲတို့အတွက် မြန်မာတိုက်ကွမ်ဒိုအဖွဲ့ အနေဖြင့် ဇန်နဝါရီလအတွင်း စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရက်အတိအကျမသိရသေးကြောင်း မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ နည်းပြချုပ် ဦးကျော်သန်းဦးကဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)ရေးသားသူ/အေးလပြည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် ဂျော်ဒန်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇွန်လအတွင်း ယှဉ်ပြိုင်ကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်အကြား သဘောတူညီမှုရရှိထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ခွင့်ပြုမိန့်ရရှိပါက ဇန်နဝါရီလ ၁၆ ရက်တွင် စခန်းသွင်းလေ့ကျင့်မှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ဆင်ဟွာသို့...
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် လမ်းညွှန်ထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။
နေပြည်တော်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် ရှစ်မြို့နယ်၏ ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မဲရုံသုံး အထောက်အကူပစ္စည်းများအား စနစ်တကျ မီးရှို့ ဖျက်ဆီးခြင်းကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်...
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်၊ မနက်(၁၀)နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ ကြေညာချက်များအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်မှ မန္တလေးမြို့သို့ ပို့ဆောင်မည့် ငွေကျပ် ၁.၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟို ကာကွယ်ဆေး သိုလှောင်ရေးအအေးခန်းအတွင်း ထားရှိသော သိန်း ၄၆၀ ကျော်တန်ဖိုးရှိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး နှင့် ပြင်းထန်အဆုတ်ရောင်...