Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ၇ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၆၀ ဦးသေဆုံး ၊ လူ ၁၃၀ ကျော် ထိခိုက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သော ယာဥ်မတော်တဆမှုများအား တွေ့ရစဥ် (ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး )

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ၂၀၂၃ ခုနှစ် ၇လတာကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၆၀ ဦး သေဆုံးခဲ့ပြီး လူ ၁၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သော ယာဥ်မတော်တဆမှုများအား တွေ့ရစဥ် (ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး )

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သော ယာဥ်မတော်တဆမှုများအား တွေ့ရစဥ် (ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး )

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သော ယာဥ်မတော်တဆမှုများအား တွေ့ရစဥ် (ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး )

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၉၇ မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ယာဥ်မတော်တဆမှုများကြောင့် အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၁၃၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုယာဥ်မတော်တဆမှုများကြောင့် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၆၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ် ၇လတာကာလအတွင်း ဧပြီလက ယာဥ်မတော်တဆမှု အကြိမ်ရေအများဆုံးဖြစ်ပွားခဲ့ကြောင်း၊
ဧပြီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၂၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၆ ဦး၊ သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်း သိရသည်။

” ဧပြီလကတော့ အမြန်လမ်းပေါ် ကားဖြတ်သန်းမှုအများဆုံးကာလပဲ၊ သင်္ကြန်ပိတ်ရက် ခရီးထွက်တဲ့ ကာလမှာ ယာဥ်ချို့ယွင်းမှုကြောင့်ရယ် ယာဥ်မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ယာဥ်အန္တရာယ်တွေဖြစ်တယ်၊ မတ်လနဲ့ မေလမှာလည်း ယာဥ်မတော်တဆမှု အကြိမ်ရေများေပမဲ့လူသေဆုံးမှုတော့ နည်းတယ် “ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စည်းကမ်းမလိုက်နာသည့် ယာဉ်များကို အရေးယူဆောင်ရွက်မှု လုပ်ငန်းစဥ်များကို နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.