Connect with us

Myanmar

မြန်မာနိုင်ငံတွင် တစ်ပတ်အတွင်း တရားမဝင်သစ် ၆၁.၃၄ တန်ကျော် ဖမ်းဆီးရမိ

၂၀၂၀ပြည့်နှစ်က တရားမဝင်သစ်များ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပတ်အတွင်း တရားမဝင်သစ်တန်ချိန် ၆၁.၃၄ တန်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတို့တွင် သစ်မာ ၄.၄၁ တန်ကျော်နှင့် ကျွန်းသစ် ၃၀.၄၆ တန်ကျော်၊ အခြားသစ် ၂၆.၄၅ တန်ကျော် တို့ကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ခုနစ်ရက်တာကာလအတွင်း မော်တော်ယာဉ် ၆ စီးနှင့် စက်ယန္တရားများ သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၁၄ ဦး ကို အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.